flag en-GB
flag tr
flag hi
flag ms
flag id
flag ne
flag bn
flag my
flag zh

စိတ်ဝင်စားသောသက်ဆိုင်သူများအားလုံးကိုဤမူများကိုထောက်ခံရန်တိုက်တွန်းပါသည်။ ထိုသို့ပြုလုပ်ရန် ကျေးဇူးပြု၍ eti@eti.org.uk ကိုဆက်သွယ်ပါ

ဤမူများကို ထောက်ခံပံ့ပိုးပါ

ရွှေ့ပြောင်းနေထိုင်မှုသည် ကမ္ဘာ့အလုပ်သမားဈေးကွက်၏ သိသာထင်ရှားသော ပုံမှန်အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သို့သော် ရွှေ့ပြောင်းလုပ်သားများသည် အထူး ထိခိုက်လွယ်ကြပြီး အလွဲသုံးစားပြုမှု၏ သားကောင်များအဖြစ် မကြာခဏ သက်ဆင်းရလေ့ရှိသည်။ ရွှေ့ပြောင်းလုပ်သားတို့အတွက် ကုစားမှု ရပိုင်ခွင့် အခြေခံမူများကို ထောက်ခံပံ့ပိုးခြင်းအားဖြင့် သင့်အဖွဲ့အစည်းက ရွှေ့ပြောင်းလုပ်သားတို့အတွက် အနှစ်သာရပြည့်ဝသော ကုစားမှု ရပိုင်ခွင့်အပေါ် ၎င်း၏ ပံ့ပိုးမှုုကို ပြသရာရောက်ပါမည်။

သင့်အဖွဲ့အစည်း၏ ပံ့ပိုးမှုသည် ဤအခြေခံမူများ၏ အရေးပါမှုကို အသိအမှတ်ပြုရာ ရောက်သလို သင့် စီးပွားရေးလုပ်ငန်း၏ လုပ်ငန်းလည်ပတ်မှုများ သို့မဟုတ် အလုပ်တို့တွင် ဤအခြေခံမူတို့ကို မွေးမြူပြီး ပေါင်းစပ်ဆောင်ရွက်မည်ဟု ကတိကဝတ်ပြုရာလည်း ရောက်ပါသည်။